• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပသမဂ္ဂသည်၊ ရုရှားအပေါ် စီးပွားရေးအရေးယူမှုကို အချိန်တိုးစေမည်

(GMT+08:00) 2017-06-29 15:07:34

       ဥရောပသမဂ္ဂကောင်စီသည်၊ ယခုလ ၂၈ ရက်နေ့က ကြေညာချက်တစ်ရပ်ထုတ်ပြန် ခဲ့ရာ၊ ဥရောပအနေနှင့်၊ Minsk သဘောတူစာချုပ်ကို ကောင်းမွန်စွာ မဖေါ်ဆောင်နိုင်သေး သဖြင့်၊ ရုရှားအပေါ် စီးပွားရေးအရေးယူမှုကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံအချိန်တိုးစေမည်ဟု ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ရုရှားအပေါ် ဥရောပသမဂ္ဂမှ ကျင့်သုံးနေသည့် စီးပွားရေးအရေးယူမှုများသည်၊ ငွေကြေး၊ စွမ်းအင်၊ ကာကွယ်ရေးနှင့် စစ်ရေးနှင့်အရပ်ဘက်သုံးကုန်ပစ္စည်းအပါအဝင် နယ်ပယ်များကို အဓိကရည်စူး ခြင်းဖြစ်သည်ဟု သတင်းအရသိရသည်။

   Webradio