• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-06-29 15:06:41

       တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည်၊ ယခုလ ၂၈ ရက်နေ့က ပီကင်းတွင် တရားဝင် ခရီးလှည့်လည်နေသော ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ကာယယ်တာနိုနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့စဉ်၊ ပြီးခဲ့သည့်တစ်နှစ်အတွင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့၏ အလေးဂရုပြုမှုနှင့် ဦးဆောင်မှုဖြင့်၊ တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုသည်၊ ဘက်စုံကောင်း မွန်လာခဲ့ပြီဖြစ်ကြောင်း၊ တရုတ်အနေနှင့်၊ ဖိလစ်ပိုင်က ယခုနှစ် အာဆီယံအလှည့်ကျ သဘာပတိနိုင်ငံတာဝန်ထမ်းဆောင်ခြင်းကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio