• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဓားစာခံလဲလှယ်ရန် Maute အဖွဲ့မှ လိုအပ်ချက် ဖိလစ်ပိုင်အစိုးရ ငြင်းပယ်

(GMT+08:00) 2017-06-28 16:26:54

      ဖိလစ်ပိုင်အစိုးရသည်၊ ယခုလ ၂၇ ရက်နေ့က အစိုးရဆန့်ကျင်ရေး Maute အဖွဲ့မှ မကြာမီက တင်ပြသော ဓားစာခံလဲလှယ်ရေးလိုအပ်ချက်ကို ငြင်းပယ်ခဲ့ရုံသာမက၊ အကြမ်းဖက်သမားများနှင့် တိုင်ပင်ဆွေးနွေးမှုမရှိဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်း အရသိရသည်။

ဖိလစ်ပိုင်စစ်ဖက်သည်၊ ဇွန်လ လဦးပိုင်းက Maute အဖွဲ့ခေါင်းဆောင်၏ မိဘအား ဖမ်းဆီးခဲ့ပြီး၊ မနီလာ၌ ချူပ်နှောင်ထားခဲ့သည့်အပြင်၊  ယင်းအဖွဲ့ခေါင်းဆောင်၏ အခြား ဆွေမျိုးတော်စပ်သူများကိုလည်း ဖမ်းဆီးခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio