• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန် လောင်စာဆီတင်ကား မီးလောင်မှုတွင် သေဆုံးသူဦးရေ ၁၅၈ ဦးထိ တိုးလာ

(GMT+08:00) 2017-06-28 09:52:29

ပါကစ္စတန်နိုင်ငံ ဘွန်ဂျာပြည်နယ် ဘာဟာဝါဘူရ် ဒေသ ဆေးရုံမှ ယခုလ ၂၇ ရက်နေ့က သတင်းအရ၊ ၂၅ ရက်နေ့က ယင်းဒေသ၌ ဖြစ်ပွါးခဲ့သော လောင်စာဆီ တင်ဆောင်ထားသောကား တိမ်းမှောက် မီးလောင်ကျွမ်းမှုကြောင့် လူ ၁၅၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၁၁ ဦး ဆေးရုံ၌ ကုသနေကြောင်း၊ ဒဏ်ရာရရှိသူများအနက် ၂၂ ဦးသည် ဒဏ်ရာပြင်းထန်ပြီး သေဆုံးသူ ဦးရေ ဆက်လက် တိုးနိုင်မည် ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရဲဘက်မှု ပဏာမ စုံစမ်းစစ်ဆေးမှု ရလဒ်အရ၊ ဝိုင်းကြည့်သူများ ဆေးလိပ်ဖင် စွန့်ပစ်ခြင်းမှ မီးလောင်မှု ဖြစ်စေသည့် အကြောင်းရင်း ဖြစ်နိုင်ကြောင်း သတင်း ရရှိပါသည်။

   Webradio