• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အိန္ဒိယ နယ်စပ်ရေးရာ အကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောဆို

(GMT+08:00) 2017-06-28 09:47:14

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ အိန္ဒိယ နိုင်ငံ အနေနှင့် နယ်စပ်ဒေသ တရုတ်ပြည်ဘက်သို့ တရားမဝင် ဝင်ရောက်သော လူများကို အိန္ဒိယပြည်ဘက်သို့ အမြန်ဆုံး ဆုတ်ခွါရန် မျှော်လင့်ကြောင်း ယခုလ ၂၇ ရက်နေ့က ပီကင်း၌ ထပ်လောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

၂၇ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် လူခမ်းက၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့သည် အိန္ဒိယ နယ်ခြားစောင့် ဝန်ထမ်းများ တရုတ်-အိန္ဒိယ နယ်စပ် ဖြတ်ကျော်မှုကိစ္စနှင့် ပတ်သတ်ပြီး သဘောထား ရှင်းလင်းဖေါ်ပြပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio