• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်တိုင်းရင်းဆေးပညာကောလိပ်ု မလေးရှားထားရှိ

(GMT+08:00) 2017-06-27 15:44:36

တရုတ်ပြည်ဟိုနန်ပြည်နယ်တရုတ်တိုင်းရင်းဆေးပညာတက္ကသိုလ်မှ ယခုလ၂၆ရက်နေ့ ကသတင်းအရ ယင်းတက္ကသိုလ်သည် မလေးရှားလင်တန်တက္ကသိုလ်နှင့် ပူးပေါင်းပြီး မလေးရှားနိုင်ငံ၌ ကျွန့်ကျင်တရုတ်တိုင်းရင်းဆေးပညာကောလိပ်ကို ဖွင့်လှစ်ထားရှိပြီး ယခုအချိန်တွင် ကျောင်းသားသစ်များကို စတင်ခေါ်ယူလက်ခံနေပြီဖြစ်ကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

မလေးရှားနိုင်ငံတွင် ကျွန့်ကျင်တရုတ်တိုင်းရင်းဆေးပညာကောလိပ်ထားရှိခြင်းသည် တရုတ်-မလေးရှားနှစ်နိုင်ငံအဆင့်မြင့်တရုတ်တိုင်းရင်းဆေးပညာကူးလူးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး နှစ်နိုင်ငံ၏တရုတ် တိုင်းရင်းဆေးပညာအတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းပေးရန် ရည်ရွယ်ထားကြောင်း သတင်းအရသိရပါသည်။

   Webradio