• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နွေရာသီ ဒါဗို့စ်ဖိုရမ်သို့ တက်ရောက်ရန် နိုင်ငံအရပ်ရပ်မှ နိုင်ငံတော်အကြီးအကဲများ တာ့လျန်မြို့သို့ ရောက်ရှိ

(GMT+08:00) 2017-06-27 13:20:04

၂၀၁၇ခုနှစ် တာ့လျန် နွေရာသီ ဒါဗို့စ်ဖိုရမ်သို့ တက်ရောက်ရန် ဆွီဒင်နိုင်ငံဝန်ကြီးချုပ် လိုဖ်ဗိန် နှင့် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် စီဘီလာ စသော နိုင်ငံအသီးသီးမှ နိုင်ငံတော် အကြီးအကဲများသည် တရုတ်နိုင်ငံ တာ့လျန်မြို့သို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိပြီ ဖြစ်ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

၂၀၁၇ တာ့လျန် နွေရာသီ ဒါဗို့စ်ဖိုရမ်နှစ်ပတ်လည်အစည်းအဝေးကို ဇွန်လ ၂၇ရက်နေ့မှ ၂၉ရက်နေ့အထိ တရုတ်နိုင်ငံ တာ့လျန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့် စင်တာတွင် ကျင်းပမည်ဖြစ်ကြောင်း၊ သတင်းရရှိပါသည်။

   Webradio