• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် သန့်စင်စွမ်းအင် အားဖြည့် ဖေါ်ထုတ်

(GMT+08:00) 2017-06-27 10:00:49

လွန်ခဲ့သည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံသည် အစဉ်တစိုက် အသုံးပြုနိုင်သော သန့်စင် စွမ်းအင်ကို အဆက်မပြတ် ဖေါ်ထုတ် အသုံးပြုနေသည်။

ယခုနှစ် မေလအထိ တရုတ်ပြည် ဒေသအရပ်ရပ်၌ အများစီး စက်ဘီး သန်း ၁၀၀ ကျော် ရှိပြီ ဖြစ်ပြီး အသုံးပြုသူ ဦးရေမှာ သန်း ၁၀၀ ကျော် ရှိပါသည်။ နေရာတကာ တွေ့ရှိနိုင်သော ဟန်းဖုန်းဖြင့် စကန့် လုပ်ပြီး ချက်ချင်း စီးနိုင်သည့် ယင်းစက်ဘီးများတွင် အသုံးပြုသည့်စွမ်းအင်သည် နေရောင်ခြည်စွမ်းအင်ပင် ဖြစ်သည်။

ယူနန်ပြည်နယ် ယုံရင်ခရိုင်ကို နေရောင်ခြည်ရွာဟု အများက အမွှန်းတင် ခေါ်ဝေါ်လေ့ ရှိပြီး ယင်းခရိုင်တွင် နေရောင်ခြည်စွမ်းအင် အရင်းအမြစ်သည် တစ်ပြည်လုံး ဒုတိယ အများဆုံးပင် ဖြစ်သည်။ ယုံရင်ခရိုင်တွင် မိသားစု ၆၀၀၀ ကျော်တို့သည် နေရောင်ခြည်စွမ်းအင်သုံး မီးဖိုကို အသုံးပြုပြီး အသုံးစရိတ် သက်သာသည့်အပြင် သစ်တော အရင်းအမြစ်များကိုလည်း ထိန်းသိမ်းကာကွယ်နိုင်သည်ဟု သတင်းရရှိပါသည်။

   Webradio