• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် မီဒီယာသစ် ဖွံ့ဖြိုးမှု အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00) 2017-06-27 09:06:46

၂၀၁၇ ခုနှစ် တရုတ် မီဒီယာသစ် ဖွံ့ဖြိုးမှု အစီရင်ခံစာ ထုတ်ပြန်ပွဲကို ယခုလ ၂၆ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ မျက်မှောက်ကာလ၌ တရုတ်ပြည် အင်တာနက် အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှုသည် အရှိန်ထိုး တိုးတက်လာကြောင်း၊ ၂၀၁၆ ခုနှစ် နှစ်ကုန်အထိ အင်တာနက်မှ အစီအစဉ်များ တိုက်ရိုက် ထုတ်လွှင့်သူ ဦးရေမှာ ၃၄၄ သန်း ရှိပြီး ဈေးကွက် အတိုင်းအတာမှာ တရုတ်ယွမ်ငွေ ၁၅ ဘီလီယံခန့် ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ ယင်းလုပ်ငန်း၏ အတိုင်းအတာသည် ယွမ် ဘီလီယံ တစ်ရာ ကျော်နိုင်မည်ဟု ခန့်မှန်းရကြောင်း သတင်းရရှိပါသည်။

တရုတ် မီဒီယာသစ် ဖွံ့ဖြိုးမှု အစီရင်ခံစာတွင် တရုတ် မီဒီယာများ ရောနှောပေါင်းစပ်ခြင်း၊ အင်တာနက် စီးပွါးရေး၊ ဗီဒီယို စရိတ် ပေးဆောင်ခြင်း၊ အင်တာနက် ရုပ်ရှင်ကား၊ အင်တာနက် အစီအစဉ်များ တိုက်ရိုက် ထုတ်လွှင့်ခြင်း၊ အင်တာနက် သတင်းအချက်အလက် လုံခြုံရေး စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရပါသည်။

    တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး မီဒီယာ ထုတ်လွှင့်ရေး သုတေသနဌာန ဌာနမှူး ထမ်ရွှီကျွင်က၊ အင်တာနက် စီးပွါးရေး အသွင်ပုံစံသစ်သည် တရုတ်နိုင်ငံတွင် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်လာနေကြောင်း၊ တရုတ်ပြည်၌ 4G အသုံးပြုသူဦးရေ ဆက်တိုက် တိုးများလာခြင်းသည် အင်တာနက် အစီအစဉ်များ တိုက်ရိုက် ထုတ်လွှင့်မှု လျင်မြန်စွာ ဖွံ့ဖြိုးလာခြင်း၏ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

   Webradio