• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
မန်မာမူလတန်းကျောင်းသူကျောင်းသားများ ပန်းချီဆွဲ လှုပ်ရှားမှု ကျင်းပ
(GMT+08:00) 2017-06-26 17:13:10
"မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ" ပန်းချီပြိုင်ပွဲ လှုပ်ရှားမှုကို မကြာခင်က ရန်ကုန်မြို့တွင် ကျင်းပရာ မြန်မာ မူလတန်း ကျောင်းသူကျောင်းသား ၁၀၀သည် ၄င်းလှုပ်ရှားမှု၏ ပန်းချီပြိုင်ပွဲတွင် ဆုများ ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက မိန့်ခွန်းပြောကြားရာ ယင်းကဲ့သို့သော လှုပ်ရှားမှုများဖြင့် မြန်မာနှင့် တရုတ် နှစ်နိုင်ငံမှ ပိုမိုများပြားသည့် ကျောင်း သူကျောင်းသားများအကြား ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် နည်းယူလေ့လာမှုကို တိုးတက်ပြုလုပ်ပြီး မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို စဉ်ဆက်မပြတ် ဆက်ခံစေရန် မျှော်လင့်ကြောင်း ပြောကြားသည်။
   Webradio