• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စိချွမ်းပြည်နယ်မောက်-ခရိုင် တောင်မြေပြိုကျမှုတွင် သေဆုံးသူ ရုပ်အလောင်းဆယ် လောင်းတွေ့ရှိ

(GMT+08:00) 2017-06-26 13:11:11

      စိချွမ်းပြည်နယ် မောက်-ခရိုင်တွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ၂ ရက်ကြာခဲ့ပြီး နောက်၊ လက်ရှိအချိန်အထိ၊ သေဆုံးသူ ဆယ် ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိပြီး၊ လူ ၉၃ ဦး ပျောက်ဆုံးနေသေးကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်းစီအာအိုင်သတင်းအရသိရသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ယုံသည်၊ နိုင်ငံတော်ကောင်စီလုပ်ငန်းအဖွဲ့ကို ဦးဆောင်ပြီး၊ ၂၄ ရက်နေ့က စိချွမ်း အားဘ-ဇန့်လူမျိုးနှင့်ချမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသငယ် မောက်-ခရိုင်သို့ ရောက်ရှိပြီး၊ ထိုနေ့ကဖြစ်ပွားခဲ့သည့် တောင်မြေပြိုကျမှုတွင် ကယ်ဆယ်ရေးနှင့် နောက်ဆက်တွဲအလုပ်များကို ဦးဆောင်ခဲ့သည်ဟု သတင်းအရသိရ သည်။

   Webradio