• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့စံချိန်မီ မြန်နှုန်းမြင့်ရထား ဖူရှင် တရားဝင် ပြေးဆွဲ

(GMT+08:00) 2017-06-26 10:44:01

တရုတ် မီးရထား ကော်ပိုရေးရှင်းချုပ်က စည်းရုံး သုတေသနပြု ထုတ်လုပ်ပြီး မူပိုင်ခွင့် လုံးဝ ပိုင်ရှိသည့် ကမ္ဘာ ရှေ့ပြေးစံချိန်မီ တရုတ် မြန်နှုန်းမြင့်ရထားကို ယခုလ ၂၅ ရက်နေ့က ဖူရှင်ဟု အမည်ပေးခဲ့ကြောင်း၊ မြန်နှုန်းမြင့်ရထား ဖူရှင်သည် ၂၆ ရက်နေ့တွင် စတင်ပြီး ပီကင်းနှင့် ရှန်ဟိုင်းမြို့ ကြား၌ ပြေးဆွဲမည် ဖြစ်ကြောင်း၊ မြန်နှုန်းမြင့်ရထား ဖူရှင်သည် တရုတ်ပြည် မြန်နှုန်းမြင့်ရထားများ ဘက်စုံ အော်တိုမက်တစ်ဖြစ်ရေးနှင့် စံမီရေးအတွက် ခိုင်မာသော အခြေခံကို ဖန်တီးပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်နှုန်းမြင့်ရထား ဖူရှင်၏ စမ်းသပ်မြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ ကျော် ရှိပြီး ဆက်တိုက် ခုတ်မောင်းမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ဖြစ်ကြောင်း သိရပါသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်အထိ တရုတ်ပြည် မြန်နှုန်းမြင့်ရထား ခုတ်မောင်းမှု စုစုပေါင်း အရှည် ပမာဏမှာ ကီလိုမီတာ ၂၂၀၀၀ ရှိပြီ ဖြစ်ပြီး ကမ္ဘာ့ မြန်နှုန်းမြင့်ရထား ခုတ်မောင်းမှု စုစုပေါင်း အရှည် ပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သတင်းရရှိပါသည်။

   Webradio