• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုးသည် ဟောင်ကောင်၌ မငြင်းသာသော အောင်မြင်မှုများ ရရှိပြီဟု တုန်ကျဲန့်ဟွာ ဆို

(GMT+08:00) 2017-06-26 10:38:33

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ပထမမြောက် အုပ်ချုပ်ရေးမှူး တုန်ကျန့်ဟွာက၊ တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး မူဝါဒသည် ဟောင်ကောင်၌ မငြင်းသာသော အောင်မြင်မှုများ ရရှိပြီ ဖြစ်ကြောင်း၊ ယင်းစနစ်၏ အားသာမှုကို အားကိုးပြီး ဟောင်ကောင်က အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် နှစ် ၂၀ အတွင်း၊ ငွေကြေးအကျပ်အတည်းနှင့် ဆာ့စ် ကူးစက်ရောဂါ အပါအဝင် စိတ်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားခဲ့ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

တုန်ကျန့်ဟွာက၊ လွန်ခဲ့သည့်နှစ် ၂၀ အတွင်း တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး မူဘောင်တွင် ဟောင်ကောင်သည် မူလက လူမှုရေးစနစ်၊ ဥပဒေစနစ်နှင့် နေထိုင်မှုဘဝကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသတွင် အသင့်အတင့် လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်ရေး အရှိန်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ အမိနိုင်ငံအပေါ် နားလည်သိရှိမှုလည်း တစ်နေ့ထက် တစ်နေ့ နက်ရှိုင်းလာနေကြောင်း၊ တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုးကို ဟောင်ကောင်၌ ကျင့်သုံးခြင်းသည် အောင်မြင်သည်ဟု မိမိသာ မကဘဲ ဟောင်ကောင်သူ ဟောင်ကောင်သား အများစုကြီးက ယူဆကြကြောင်း၊ ဟောင်ကောင်သည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အတွက် များစွာ အကျိုးပြု စွမ်းဆောင်ခဲ့သလို နိုင်ငံတော်၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် တန်ဖိုးရှိ အခွင့်အလမ်း များစွာကိုလည်း ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio