• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိကို လက်ဘနွန် သမ္မတ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-06-24 15:57:58

ဇွန်လ ၂၃ရက်နေ့က လက်ဘနွန် နိုင်ငံ သမ္မတ Michel Aounသည် ဘေရွတ် မြို့တော်တွင် တရားဝင် အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် Michel Aounက လက်ဘနွန်နှင့် တရုတ် နှစ်နိုင်ငံသည် နိုင်ငံရေး နယ်ပယ်တွင် အပြန်အလှန် အားပေးထောက်ခံကြောင်း၊ စီးပွားရေး နယ်ပယ်တွင် တရုတ်ပြည်သည် လက်ဘနွန်၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ကြောင်း၊ လုံခြုံရေး နယ်ပယ်တွင် နှစ်နိုင်ငံသည် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေကြောင်း၊ လက်ဘနွမ်၏ စီးပွားရေး ထူထောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်ပြည် ဆက်လက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ကြိုဆိုကြောင်း၊ လက်ဘနွန် အနေနှင့် Belt and Road အတူတည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုကြောင်း ပြောကြားသည်။

ဝမ်ယိက နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှု ထိန်းသိမ်း ကာကွယ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် လက်ဘနွန်၏ ကြိုးပမ်း ဆောင်ရွက်မှုများကို တရုတ်ပြည် အနေနှင့် ပြတ်သားစွာ အားပေးထောက်ခံမည် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ အမြုတေ အကျိုးစီးပွားနှင့် သက်ဆိုင်သော ပြဿနာများနှင့် ပတ်သက်၍ လက်ဘနွန်မှ အားပေးထောက်ခံမှု ဆက်လက်ပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

 

 

 

   Webradio