• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"တရုတ်-အာဆီယံ ခရီးသွားလာရေး အရည်အသွေးနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး" ဖိုရမ် ကျင်းပ

(GMT+08:00) 2017-06-23 14:35:48

"တရုတ်-အာဆီယံ ခရီးသွားလာရေး အရည်အသွေးနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး" ဖိုရမ်နှင့် အာဆီယံ ခရီးသွား ဓါတ်ပုံပြပွဲကို မကြာခင်က ပီကင်းတွင် ကျင်းပခဲ့ကြောင်း၊ တရုတ်ပြည်နှင့် အာဆီယံ ခရီးသွား စီမံခန့်ခွဲရေး ဌာနများ၊ တရုတ် နိုင်ငံ ဆိုင်ရာ အာဆီယံ ၁၀နိုင်ငံမှ သံရုံးများ၊ အာဆီယံ အတွင်းရေးမှူးဌာန၊ တရုတ်နှင့် အာဆီယံ နှစ်ဖက်မှ ခရီးသွား လုပ်ငန်းဌာနများ၊ ခရီးသွား ပညာ ကောလိပ်ကျောင်းများနှင့် မီဒီယာများမှ ဧည့်သည်တော် ၁၀၀ခန့် တက်ရောက်ခဲ့ကြကြောင်း တရုတ်-အာဆီယံ စင်တာ၏ ဝက်ဘဆိုက်မှ သတင်းအရ သိရသည်။

ယခုအကြိမ် ဖိုရမ်တွင် တရုတ်-အာဆီယံ စင်တာ အတွင်းရေးမှူးချုပ် ယန်ရှုဖိန်က မိန့်ခွန်းပြောကြားရာ၌ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား ယဉ်ကျေးမှု ကူးလူဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၏ အစိတ်အပိုင်း ဖြစ်ပြီး အောင်မြင်မှုများစွာ ရရှိကာ နှစ်ဖက် ပြည်သူများ အကြား အပြန်အလှန် သိရှိနားလည်မှုနှင့် ချစ်ကြည်မှု တိုးပွားစေရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ထို့အပြင်၊ ယန်ရှုဖိန်က ၂၀၁၆ခုနှစ်က တရုတ်နှင့် အာဆီယံ အကြား အပြန်အလှန် ခရီးလှည့်လည်ခြင်း ပြုလုပ်သူ ဦးရေမှာ ၃၁သန်း ၈သိန်းကျော်ရှိပြီး စံချိန်သစ် တင်ခဲ့ ကြောင်း၊ ယခုနှစ်သည် အာဆီယံ တည်ထောင်ခဲ့သည့် နှစ် ၅၀ပြည့်မြောက်နှစ်နှင့် တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖြစ်ကာ ကုလသမဂ္ဂက သတ်မှတ် ထားသည့် နိုင်ငံတကာ ခရီးသွား လုပ်ငန်း ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှစ်လည်း ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ စင်တာသည် ယခုအကြိမ် ဖိုရမ်ကို ကျင်းပခြင်းဖြင့် ခရီးသွား အရည်အသွေး တိုးမြှင့်ရေးနှင့် တရုတ်နှင့် အာဆီယံ၏ ခရီးသွား လုပ်ငန်း ဆက်တိုက် ဖွံ့ဖြိုး တိုးတက်မှု တွန်းအားပေးရေး အတွက် ထိရောက်သော နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးပြီး နှစ်ဖက် ယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း ဇောက်ချပြုလုပ်ရေးနှင့် Belt and Road အတူ တည်ဆောက်ရေး အတွက် အကျိုးပြုစွမ်းဆောင်မှုသစ်ကို တစ်ဆင့်တိုး ပြုလုပ်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

 

   Webradio