• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ မူးယစ်ဆေးဝါးပြဿနာ အစီရင်ခံစာ ကုလ ထုတ်ပြန်

(GMT+08:00) 2017-06-23 10:09:15

ဇွန်လ ၂၆ ရက်နေ့သည် ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဖြစ်သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်မှုရေးရာရုံးသည် ယခုလ ၂၂ ရက်နေ့က ၂၀၁၇ ခုနှစ် နိုင်ငံတကာ မူးယစ်ဆေးဝါး ပြဿနာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် လက်ရှိအချိန်တွင် နိုင်ငံတကာ မူးယစ်ဆေးဝါး ဈေးကွက်များတွင် မူးယစ်ဆေးဝါး အမျိုးအစား တိုးများလာပြီး မူးယစ်ဆေးဝါး သုံးစွဲမှု အန္တရာယ်များ ပြင်းထန် ဆိုးဝါးလျက် ဖြစ်နေသေးကြောင်း ရေးသားဖေါ်ပြထားသည်။

ယင်းအစီရင်ခံစာတွင်၊ ၂၀၁၅ ခုနှစ်က တစ်ကမ္ဘာလုံး၌ မူးယစ်ဆေးဝါး တစ်ကြိမ်ထက်မနည်း သုံးစွဲခဲ့သူ ဦးရေမှာ သန်း ၂၅၀ ခန့်ရှိပြီး အရွယ်ရောက်သူ စုစုပေါင်း ဦးရေ၏ ၅ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း၊ အထက်ပါ မူးယစ်ဆေးဝါး သုံးစွဲသူများအနက် ၂၉၅ သိန်းခန့်သည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်စေသော ရောဂါ ရှိကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်စေသော ရောဂါ ဖြစ်နှုန်းနှင့် သေဆုံးမှုနှုန်းမှာ တိုးများလာကြောင်း၊ သို့သော် ရောဂါသည် ၆ ဦးလျှင် တစ်ဦးသာ ဆေးဝါး ကုသမှု ခံယူရကြောင်း၊ မူးယစ်ဆေးဝါး ဈေးကွက်များတွင် မူးယစ်ဆေးဝါး အမျိုးအစား များစွာ တိုးလာပြီ ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တစ်ကမ္ဘာလုံး ဘိန်း ထုတ်လုပ်မှုပမာဏမှာ ၂၀၁၅ ခုနှစ်ကထက် ၃ ပုံ ၁ပုံခန့် တိုးလာကြောင်း ရေးသားဖေါ်ပြထားသည်။

   Webradio