• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒို စီးပွားရေး ကောင်းမွန်စွာ ဖွံ့ဖြိုး

(GMT+08:00) 2017-06-22 14:42:58

ယခုနှစ်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်နေသော အင်ဒိုနီးရှား နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာပြီး ဘဏ္ဍာရေး လိုငွေပြမှု၊ ငွေကြေးဖောင်းပွမှုနှင့် ငွေချေးခြင်း စရိတ် အပါအဝင် သော့ချက်ကျသော စီးပွားရေး ညွှန်းကိန်းများသည် တရားနည်းလမ်းကျလာကြောင်း တရုတ် စီးပွားရေး နေ့စဉ် သတင်းစာတွင် ရေးသား ဖော်ပြသည်။

ကမ္ဘာဘဏ်မှ နောက်ဆုံး ခန့်မှန်းချက်အရ ယခုနှစ်နှင့် လာမည့် ၂၀၁၈ခုနှစ်တွင် အင်ဒိုနီးရှား၏ စီးပွားရေး တိုးတက်နှုန်းမှာ ၅့၂ရာခိုင်နှုန်းနှင့် ၅့၃ရာခိုင်နှုန်း အသီးသီး ရှိမည် ဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှား၏ ကြွေးမြီပြန်ဆပ်ရန် တာဝန်နှင့် ကြွေးမြီပြန်ဆပ် နိုင်စွမ်း အဆင့် တိုးမြင့်လာခြင်း၊ စီးပွားရေး ငွေချေးခြင်း၏ အတိုးနှုန်း ကျဆင်းလာခြင်းနှင့် ကုန်စည်ကြီးများ ၏ဈေးနှုန်း ပြန်တက်လာခြင်းတို့ကြောင့် ယခုနှစ်တွင် အင်ဒိုနီးရှား၏ ရင်းနှီးမြှုပ်နှံရေး ဈေးကွက်သည် ပြန်လည် ရှင်သန်လာမည် ဖြစ်ကြောင်း ရေးသား ဖော်ပြသည်။

အင်ဒိုနီးရှား ဆိုင်ရာ ကမ္ဘာဘဏ် ရုံးဌာန ကိုယ်စားလှယ်ချုပ် ရော့ဒ်ရီဂါက ကမ္ဘာ့ စီးပွားရေးနှင့် အင်ဒိုနီးရှား ပြည်တွင်း စီးပွားရေး အခြေခံ အခြေအနေ ပြန်လည် ကောင်းမွန် လာနေသည့် အခြေအနေတွင် အင်ဒိုနီးရှားသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို မူတည်ပြီး အမေရိကန် ဗဟိုဘဏ်မှ အတိုးနှုန်း တိုးမြှင့်ခြင်းနှင့် ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဦးမော့လာခြင်း အပါအဝင် ဈေးကွက်မှ မငြိမ်သက်မှုများကို ကိုင်တွယ် ဖြေရှင်းကြောင်း၊ ဘဏ္ဍာရေး သုံးငွေ တိုးပွားစေခြင်း၊ ပြည်ပသို့ ကုန်စည်တင်ပို့ရောင်းချမှု ပမာဏ ပြန်လည် တိုးပွားလာခြင်း၊ စားသုံးမှု ခြေလှမ်းမှန်မှန်ဖြင့် ကောင်းမွန်လာခြင်းတို့ ကြောင့် ယခုနှစ် ပထမ ၃လပတ်တွင် အင်ဒိုနီးရှား နိုင်ငံ၏ ဂျီဒီပီ ပမာဏသည် ယမန်နှစ် အလားတူ အချိန်ကထက် ၅ရာခိုင်နှုန်း တိုးလာပြီး ၄င်းတိုးနှုန်း တစ်ဆင့်တိုး အရှိန်မြှင့် လာမည် ဖြစ်ကြောင်း၊ ယင်းသည် ကမ္ဘာ့ စီးပွားရေး အားနည်းခြင်းကို လျှော့ချပြီး ကမ္ဘာ့ စီးပွားရေး တိုးတက်မှု တွန်းအားပေးရန် အတွက် အကျိုးရှိကြောင်း ပြောကြားသည်။

   Webradio