• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အလယ်အဖရိကသမ္မတနိုင်ငံတွင် လက်နက်ကိုင်အချင်းပွားမှုကြောင့် လူ ၁၀၀ ခန့်သေဆုံး

(GMT+08:00) 2017-06-22 13:50:32

      အလယ်အာဖရိကသမ္မတနိုင်ငံ Bria မြို့တွင် ယခုလ ၂၀ ရက်နေ့ က လက်နက်ကိုင်အချင်းပွားမှုဖြစ်ပွားခဲ့သဖြင့်၊ လူ ၁၀၀ခန့်သေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၄-၅ဆယ် တို့သည်၊ ဆေးရုံ၌ ကုသမှုခံနေကြကြောင်း Bria မြို့တော်ဝန် Morris က ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

အချင်းပွားမှုမဖြစ်ပွားမခင် ၁၉ ရက်နေ့က အလယ်အာဖရိကပြည်တွင်းရှိ အစိုးရ ဆန့်ကျင် ရေးလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့မှ ၁၃ ဖွဲ့တို့သည်၊ အီတလီနိုင်ငံရောမမြို့တော်တွင် အလယ်အာဖရိကနိုင်ငံအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုခဲ့ပြီဖြစ်ကြောင်း သတင်းအရသိရသည်။

                       
   Webradio