• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ကွေ့ကျိုးပြည်နယ်ခရီးသွားမိတ်ဆက်ပွဲကို အင်ဒိုနီးရှားတွင် ကျင်းပ

(GMT+08:00) 2017-06-22 12:27:54

 တရုတ်ပြည်ကွေ့ကျိုးပြည်နယ်နှင့် အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကိုအားသစ်လောင်းပေးရန် တရုတ်ပြည်ကွေ့ကျိုးပြည်သူ့အစိုးရမှ ကြီးမှူးကျင်းပသော တောင်တန်းပန်းခြံ၊ ရောင်စုံကွေ့ကျိုးဆောင်ပုဒ်ဖြစ်သည့် ခရီးသွားမိတ်ဆက်ပွဲကို ယခုလ ၂၀ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာဝိုက်ဆိုက်မှ သတင်းအရသိရပါသည်။

    အင်ဒိုနီးရှားခရီးသွားဝန်ကြီးဌါနမှအာရှ-ပစိဖိတ်ဒေသဦးစီးဌါနညွှန်ကြားရေးမှူးချုပ် Vincent Jemaduက ခရီးသွားလုပ်ငန်းသည် တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှားခရီးသွားဝန်ကြီးဌါနသည် နောင်တွင် ကွေ့ကျိုးပြည်နယ်နှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio