• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် အာဖရိကသမဂ္ဂဥက္ကဋ္ဌဖာကီတို့ တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-06-22 10:44:17

        ယခုလ ၂၁ ရက်နေ့က အာဒီဟ်အာဘာဘာမြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဖရိကသမဂ္ဂ ဥက္ကဋ္ဌ ဖာကီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဝမ်ယိက တရုတ်-အာဖရိက နှစ်ဖက်တို့သည် ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေသော လက်တွဲဖွံ့ဖြိုးတိုးတက်ကြသည့်ခေတ်သစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်သည် အာဖရိကသမဂ္ဂက အာဖရိက၏ ရှေရှည်ငြိမ်ချမ်းရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်တွင် ပိုမိုအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ထောက်ခံပြီး အာဖရိက သမဂ္ဂ ကော်မတီသစ်နှင့် ပိုမိုရင်းနှီးသော မိတ်ဖက်ဆက်ဆံမှုကို ထားရှိလိုကြောင်း ပြောကြားသည်။

 

   Webradio