• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့တရားရုံးချုပ်သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စက္ကူဖြူစာတမ်း ထုတ်ပြန်

(GMT+08:00) 2017-06-22 10:06:25

ဇွန်လ ၂၆ ရက်နေ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ကျရောက် ခါနီး အခါသမယတွင် တရုတ် ပြည်သူ့တရားရုံးချုပ်သည် ပထမဆုံးအကြိမ် အဖြစ်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။

ယင်းစက္ကူဖြူစာတမ်းတွင်၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တရုတ်ပြည် တရားရုံးများသည် မူးယစ်ဆေးဝါးဆိုင်ရာ မှုခင်း ၅ သိန်း ၄ သောင်းကျော်ကို စုံစမ်း စစ်ဆေး ခဲ့ရာ ပြစ်မှုကျူးလွန်သူ ၅ သိန်းကျော်ကို ပြစ်ဒဏ်ပေးရန် စီရင်ချက်ချမှတ်ခဲ့ကြောင်း၊ ခြုံပြီး ကြည့်လျှင် မူးယစ်းဆေးဝါးဆိုင်ရာ ပြစ်မှုကျူးလွန်မှုပမာဏ တိုးများလာရန် အရှိန် ပေါ်လာ နေပြီး မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုကျူးလွန်မှု အသွင်ပုံစံလည်း ဆန်းသစ်လာ နေကြောင်း ဖေါ်ပြထားသည်။

တရုတ်ပြည်သူ့တရားရုံးချုပ် ရာဇဝတ်မှု စီရင်ဆုံးဖြတ်ရေးခုံရုံး တရားသူကြီး ယဲ့ရှောင်ယင်က၊ လက်ရှိအချိန်တွင် တရုတ်ပြည် တစ်ပြည်လုံး၌ မူးယစ်ဆေးဝါး အခြေအနေသည် ပြင်းထန်မြဲ ပြင်းထန်နေသေးကြောင်း၊ တရားရုံးဌာနများသည် မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှုများကို တင်းတင်းကျပ်ကျပ် တိုက်ဖျက် အရေးယူသည့် တစ်ချိန်တည်းတွင် လူမှုရေးနယ်ပယ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစနစ် အဆက်မပြတ် ပြည့်စုံ ကောင်းမွန်လာအောင် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

   Webradio