• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ပင်လယ် ပူးပေါင်းဆောင်ရွက်ရေး ကြံဆချက်ကို တရုတ် ထုတ်ပြန်

(GMT+08:00) 2017-06-22 10:02:39

မကြာမီက တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် နိုင်ငံတော် ပင်လယ်ရေးရာ ဦးစီးဌာနတို့သည် Belt and Road ပင်လယ် ပူးပေါင်းဆောင်ရွက်ရေး ကြံဆချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသည် တရုတ်အစိုးရက ပထမဆုံးအကြိမ် အဖြစ်ဖြင့် Belt and Road ပင်လယ် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်၏ အဆိုပြုချက်ကို တင်ပြခြင်း ဖြစ်ကြောင်း၊ ယင်းကြံဆချက်တွင်၊ ပင်လယ် စီးပွါးရေး စင်္ကြံ သုံးခုကို အဓိကထား ဆောက်လုပ်ရန် တင်ပြထားကြောင်း သတင်းရရှိပါသည်။

တရုတ် နိုင်ငံတော် ပင်လယ်ရေးရာ ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်က၊ တရုတ်နိုင်ငံသည် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး တလျှောက်မှ နိုင်ငံများနှင့်အတူ ကဏ္ဍစုံ၊ လုပ်ငန်းနယ်ပယ်စုံ ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်လိုကြောင်း၊ တံခါးဖွင့်ပြီး သက်ညှာထောက်ထားသော ပလက်ဖေါင်းကို လက်တွဲ ထူထောင်လိုပါကြောင်း ပြောကြားပါသည်။

   Webradio