• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုကို တွန်းအားပေးလို

(GMT+08:00) 2017-06-22 08:41:56

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်နှင့် အာဆီယံ နိုင်ငံများသည် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာ စာတမ်း အကောင်အထည်ဖေါ်ဆောင်ရေးကို ဦးတည်ချက်အဖြစ် ထားပြီး တောင်ပင်လယ် ဆိုင်ရာ ဆောင်ရွက်ရေးမူဆိုင်ရာ စေ့စပ်ဆွေးနွေးမှုနှင့် ပင်လယ်ပြင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေးကာ တိုးတက်အောင်မြင်မှုများကို ရရှိပြီ ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ကင်စွမ်က၊ တရုတ်နိုင်ငံသည် သြဂုတ်လတွင် ကျင်းပမည့် တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကောင်းမွန်စွာ ကျင်းပနိုင်ရန်နှင့် တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုကို တွန်းအားပေးရန် အာဆီယံနိုင်ငံများနှင့် လက်တွဲ ကြိုးပမ်း လိုကြောင်း ပြောကြားခဲ့ပါသည်။

   Webradio