• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် လေကြောင်းစက်မှုလုပ်ငန်း အပေါ် လူအများ အာရုံစိုက်

(GMT+08:00) 2017-06-21 15:51:09

၅၂ကြိမ်မြောက် ပါရီ လေကြောင်း ပြပွဲကို ယခုလ ၁၉ရက်နေ့မှ ၂၅ရက်နေ့အထိ ကျင်းပနေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် လေကြောင်း စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း အုပ်စု (AVIC)၊ တရုတ်ပြည် ချန်ချင်-စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း အုပ်စု ကော်ပိုရေးရှင်း လီမိတက် (CGWIC)၊ တရုတ် အီလက်ထရွန်နစ် နည်းပညာ ကော်ပိုရေးရှင်း အုပ်စု (CETC)နှင့် တရုတ်ပြည် ကွန်မာရှယ် (Commercial) လေယာဉ် ကော်ပိုရေးရှင်း လီမိတက် (COMAC) အပါအဝင် တရုတ် လေကြောင်းနှင့် အာကာသ လုပ်ငန်း ကုမ္ပဏီ ၁၅ခုသည် ယခုအကြိမ် ပြပွဲတွင် ပါဝင် နေကြကြောင်း၊ ပြပွဲ စတင် ကျင်းပသည့် ၂ရက် အတွင်းတွင် တရုတ် ကုမ္ပဏီများသည် အရေးကြီးသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များကို ချုပ်ဆိုခဲ့ပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ပါရီ လေကြောင်း ပြပွဲကို ၁၉၀၉ခုနှစ်က စတင် ကျင်းပခဲ့ကြောင်း၊ ၂နှစ် တစ်ကြိမ် ကျင်းပလေ့ရှိသည့် ယင်းပြပွဲသည် ကမ္ဘာပေါ်က အတိုင်းအတာ အကြီးဆုံးနှင့် နာမည် အထင်ရှားဆုံး နိုင်ငံတကာ လေကြောင်း ပြပွဲ တစ်ခု ဖြစ်ကြောင်း၊ လေကြောင်း စက်မှုလုပ်ငန်း ကျွမ်းကျင်သူ ပုဂ္ဂိုလ် ၁သိန်း၅သောင်း၊ ပရိသတ် ၂သိန်းသည် လွန်ခဲ့သည့် အကြိမ် ပါရီ လေကြောင်း ပြပွဲတွင် ပါဝင်ခဲ့ကြကြောင်း၊ ယခုအကြိမ် ပြပွဲတွင် နိုင်ငံနှင့် ဒေသ ၄၈ခုမှ လုပ်ငန်းကုမ္ပဏီနှင့် အဖွဲ့အစည်း ၂၃၀၀ကျော် ပါဝင်နေကြကြောင်း၊ AVIC ဒုမန်နေဂျာချုပ် ကျန်းရှင်းကိုက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀တုန်းက တရုတ် ကုမ္ပဏီများသည် ပါရီ လေကြောင်း ပြပွဲတွင် စတင် ပါဝင်ခဲ့ကြောင်း၊ မိမိတို့သည် ပါရီ လေကြောင်း ပြပွဲတွင် ပိုမိုများပြားသည့် တရုတ် လေကြောင်း နည်းပညာနှင့် လေကြောင်း ကုန်ပစ္စည်းများကို ပြသမည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ၄င်းပြပွဲသည် အပြန်အလှန် နည်းယူလေ့လာရေးနှင့် ပွင်းလင်းစွာ ကူးလူး ဖလှယ်ရေး ပလက်ဖောင်း တစ်ခုလည်း ဖြစ်ကြောင်း၊ မိမိတို့သည် ပါရီ လေကြောင်းပြပွဲတွင် ပိုမိုများပြားသည့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ကို သိရှိပြီး လေကြောင်း စက်မှု နည်းပညာ၊ ကုန်ပစ္စည်းနှင့် လေကြောင်း လုပ်ငန်း ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးနိုင်ကြောင်းလည်း ပြောကြားသည်။

   Webradio