• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နဝမအကြိမ်မြောက်တရုတ်-အမေရိကန်စက်မှုနှင့်ကုန်သွယ်မှုခေါင်းဆောင်များ နှင့်အဆင့်မြင့်အရာရှိဟောင်းများကို လီခေ့ချနတွေ့ဆုံ

(GMT+08:00) 2017-06-21 14:38:28

ယခုလ၂၀ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ပီကင်းမြို့ကျုံးနန်းဟိုင်၌ နဝမအကြိမ်မြောက်တရုတ်-အမေရိကန်စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များ နှင့်အဆင့်မြင့်အရာရှိဟောင်းများဆွေးနွေးပွဲသို့ တက်ရောက်လာနေသော အမေရိန်ဘက်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝန်ကြီးချုပ်လီခေ့ချန်က စီးပွားကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်-အမေရိကန်ဆက်ဆံမှု၏ အရေးပါသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ တရုတ်ပြည်သည် လွတ်လပ်ပြီး တရားမျှတသော ကုန်သွယ်မှုကို ထောက်ခံပြီး ဈေးကွက်တံခါးအပြန်အလှန်ဖွင့်ရေးနှင့် တရားမျှတစွာ ပြိုင်ဆိုင်ရေးကို အားပေးကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio