• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နဝမအကြိမ်မြောက် တရုတ်-အမေရိကန် စက်မှု၊ ကုန်သွယ်မှုခေါင်းဆောင်များနှင့် အစိုးရအရာရှိဟောင်းများ ဆွေးနွေးပွဲကို ပီကင်း၌ ကျင်းပ

(GMT+08:00) 2017-06-21 12:44:25

        ၂ ရက်ကြာ ကျင်းပမည့် နဝမအကြိမ်မြောက် တရုတ်-အမေရိကန် စက်မှု၊ ကုန်သွယ်မှု ခေါင်းဆောင်များနှင့် အစိုးရအရာရှိဟောင်းများ ဆွေးနွေးပွဲကို ပီကင်းမြို့၌ ကျင်းပနေကြောင်း၊ နှစ်ဖက်တို့သည် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု အခြေအနေ၊ မက္ကရိုပေါ်လစီညှိနှိုင်းရေးနှင့် တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ Mar-a-Lago တွေ့ဆုံဆွေးနွေးပွဲပြီးနောက် နှစ်ဖက် စီးပွားကုန်သွယ်ရေးဆက်ဆံမှု ဖွံ့ဖြိုးရေး လမ်းကြောင်းသစ်များ စသည်တို့နှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းစီအာအိုင် သတင်းအရ သိရပါသည်။

        ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ကိုယ်စားလှယ်များသည် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက် အပြန်အလှန်အကျိုးရှိစေရေး တစ်ခုတည်းသော နည်းလမ်းပင်ဖြစ်ကာ တံခါးပွင့်ပြီး အကျိုးတူစေသော စီးပွားကုန်သွယ်ရေး ဆက်ဆံမှုကို တွန်းအားပေးရမည်ဖြစ်ကြောင်း သဘောတူညီမှု ရရှိခဲ့ကြသည်။

   Webradio