• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ အိုးမဲ့အိမ်မဲ့ ဖြစ်သူဦးရေ စံချိန်သစ်တင်

(GMT+08:00) 2017-06-21 10:23:49

ဇွန်လ ၂၀ ရက်နေ့သည် ကမ္ဘာ့ ဒုက္ခသည်များနေ့ ဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံးမှ အဆင့်မြင့်အရာရှိ ဂရမ်ဒီသည် ၂၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ဘက်အသီးသီး အနေနှင့် ကမ္ဘာ့ဒေသအရပ်ရပ်မှ အိုးမဲ့အိမ်မဲ့ ဖြစ်သူများ အပေါ် သက်ညှာထောက်ထား နားလည်မှု ပေးရန်နှင့် ၄င်းတို့ကို လက်ခံရန် ပန်ကြားထားပါသည်။

ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံးမှ ယခုလ ၁၉ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင်၊ ၂၀၁၆ ခုနှစ် နှစ်ကုန်အထိ တစ်ကမ္ဘာလုံးတွင် စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ဦးရေမှာ ၆၅၆ သိန်း ရှိပြီ ဖြစ်ပြီး သမိုင်း စံချိန်သစ် တင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းဂဏန်းသည် ဗြိတိန် နိုင်ငံ တစ်နိုင်ငံလုံးမှ လူဦးရေထက်တောင် ပိုများပါကြောင်း၊ ၄င်းတို့အနက် ဒုက္ခသည်များ၊ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဖြစ်သူများနှင့် ခိုလုံခွင့်တောင်းခံထားသူများ ပါဝင်ထားကြောင်း၊ တစ်ကမ္ဘာလုံး၌ ပျမ်းမျှအားဖြင့် လူ ၁၁၃ ဦးအနက် တစ်ဦး အိုးမဲ့အိမ်မဲ့ ဖြစ်နေရကြောင်း ရေးသား ဖေါ်ပြ ထားပါသည်။

   Webradio