• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် လုပ်ငန်းကုမ္ပဏီ မြန်မာ လူငယ်များ မိုက္ကရို ရုပ်ရှင်ကား ပြိုင်ပွဲ ပံ့ပိုး

(GMT+08:00) 2017-06-21 09:44:12

တတိယ အကြိမ်မြောက် မြန်မာ လူငယ်များ မိုက္ကရို ရုပ်ရှင်ကား ပြိုင်ပွဲကို ယခုလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စတင် ကျင်းပခဲ့ကြောင်း၊ တရုတ် ဟွာဝေ ကုမ္ပဏီက ယင်းပြိုင်ပွဲကို ပံ့ပိုးပေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မိုက္ကရို ရုပ်ရှင်ကား ပြိုင်ပွဲကို ၄ လကြာ ပြုလုပ်မည် ဖြစ်ပြီး ယခုနှစ် အောက်တိုဘာလ အလယ်ပိုင်းတွင် ဖိုင်နယ်ပွဲနှင့် ဆုချီးမြှင့်ပွဲများကို ပြုလုပ်မည် ဖြစ်ကြောင်း၊ ပထမ၊ ဒုတိယ၊ တတိယဆုများအပြင် အထူးဆု၊ ဟွာဝေ စူးစမ်းလေ့လာရေးဆု၊ ပရိသတ် ကြိုဆိုမှု အရှိဆုံးဆုနှင့် ထူးချွန်ဆုများကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio