• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀အတွင်း ဟောင်ကောင်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟောင်ကောင် အလွှာပေါင်းစုံက ပြောကြား

(GMT+08:00) 2017-06-20 15:23:31

အမိရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် နှစ်ပေါင်း ၂၀အတွင်း ဟောင်ကောင်သည် " တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး" မူဝါဒကို ကျင့်သုံးပြီး စည်ပင်သာယာမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းထားကာ စီးပွားရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးစသည့် နယ်ပယ်များသည် ခြေလှမ်းမှန်မှန်ဖြင့် တိုးတက်လာကြောင်း၊ "တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး" မူဝါဒ၏ အာသာချက်ကြောင့် အနာဂတ်တွင် ဟောင်ကောင်၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု ရှေ့အလားအလာသည် များစွာ ရှိမြဲရှိနေသေးကြောင်း စီအာအိုင်က ရေးသား ဖော်ပြသည်။

China Resources ကော်ပိုရေးရှင်း အုပ်စုသည် ဟောင်ကောင်တွင် တရုတ် ရင်းနှီးမှု ဖြင့်လုပ်ကိုင်သော ကုမ္ပဏီကြီး ၄ခု အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ တည်ထောင်ခဲ့ သည့်နှစ်ပေါင်း ၈၀ခန့်အတွင်း China Resources ကော်ပိုရေးရှင်းအုပ်စုသည် ကမ္ဘာ့ အကြီးဆုံး ကော်ပိုရေးရှင်း ၅၀၀ အနက် တစ်ခု အပါအဝင် အဖြစ် ဖွံ့ဖြိုး တိုးတက်လာ ကြောင်း၊ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဖူယွိနင်က ဟောင်ကောင် အမိရင်ခွင်သို့ ပြန်လည်ဝင် ရောက်ခဲ့သည့် နောက်ပိုင်းတွင် China Resourcesမှ ကော်ပိုရေးရှင်း ၇ခု၏ အစုရှယ်ယာ များကို ဟောင်ကောင် အစုရှယ်ယာဈေးကွက်တွင် ရောင်းခွင့်ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀အတွင်း မိမိကော်ပိုရေးရှင်း အုပ်စုသည် ဟောင်ကောင် ဒေါ်လာ ဘီလီယံ ၁၄၀ ဆွဲဆောင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဟောင်ကောင်သည် နိုင်ငံတကာ ငွေကြေး အချက်အချာ ဖြစ်ကြောင်း၊ ခေတ်မီကောင်းမွန်သော ငွေကြေး ဝန်ဆောင်မှု အခြေအနေကြောင့် China Resources၏ ရင်းနှီးမှု ဆွဲဆောင်နိုင်စွမ်းကို အဆက်မပြတ် တိုးမြင့်လာပြီး ကော်ပိုရေးရှင်း အုပ်စု၏ လုပ်ငန်းများ ဖွံ့ဖြိုးကြီးထွားလာရန် တွန်းအားပေးကြောင်း ပြောကြားသည်။

အမိရင်ခွင်သို့ ပြန်လည်ဝင်ရောက်ပြီး "တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး" မူဝါဒ၏ အာသာချက်ရှိခြင်းကြောင့် ဟောင်ကောင်၏ စီးပွားကုန်သွယ်ရေး အခြေအနေသည် တစ်ဆင့်တိုး တရားနည်းလမ်းကျလာသည်။ ပိုမိုများပြားသော ကုမ္ပဏီများသည် ဟောင်ကောင်တွင် ရုံးဌာနများ ထားရှိသည်။ CHINA MERCHANTS GROUP ကုမ္ပဏီ အုပ်စု ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ လီကျန့်ဟုန်က ပြီးခဲ့သည့် နှစ်ပေါင်း ၂၀အတွင်း တရုတ် ပြည်မကြီးမှ ကုမ္ပဏီများသည် ဟောင်ကောင်တွင် ဝင်ရောက်ပြီး ဟောင်ကောင်မှတစ်ဆင့် နိုင်ငံတကာ ဈေးကွက်တွင်လည်း ဝင်ရောက်ခဲ့သလို နိုင်ငံခြား ကုမ္ပဏီများသည် ဟောင်ကောင်တွင် ဝင်ရောက်ပြီး ဟောင်ကောင်မှတစ်ဆင့် တရုတ် ဈေးကွက်တွင်လည်း ဝင်ရောက်ခဲ့ကြောင်း၊ အထူးသဖြင့် အမိရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည့် နောက်ပိုင်းတွင် ဗဟိုအစိုးရသည် မူဝါဒချမှတ်ရေး၊ ငွေကြေးနှင့် တံခါးဖွင့်ရေး စသည့် နယ်ပယ်များမှ ဟောင်ကောင်ကို အင်တိုက်အားတိုက် အားပေးထောက်ခံကြောင်း ပြောကြားသည်။

သက်ဆိုင်ရာ စာရင်းများအရ ဟောင်ကောင်၏ ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုးမှာ ၁၉၉၇ခုနှစ်က ဟောင်ကောင် ဒေါ်လာ ဘီလီယံ ၁၃၇၀ ရှိသည်မှ ၂၀၁၆ခုနှစ်က ဘီလီယံ ၂၄၉၀ အထိ တိုးလာကြောင်း၊ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀အတွင်း ဟောင်ကောင်သည် နိုင်ငံတကာ ငွေကြေး၊ ကုန်သွယ်ရေး၊ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အချက်အချာ အဆင့်အနေရာကို ထိန်းသိမ်းထားနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းဌာနမှ ထုတ်ပြန်သော ကမ္ဘာ့ ယှဉ်ပြိုင်နိုင်စွမ်း အများဆုံး ဒေသများ အမည်စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

 ပြီးခဲ့သည့် နှစ်၂၀အတွင်း ဟောင်ကောင်သည် အာရှ ငွေကြေး အကြပ်အတည်း၊ SARS ရောဂါ ပြန့်ပွားမှုနှင့် နိုင်ငံတကာ ငွေကြေး အကြပ်အတည်းများ ကြုံတွေ့ခဲ့ရ သော်လည်း ဗဟိုအစိုးရမှ အင်တိုက်အားတိုက် အားပေးထောက်ခံမှု ရရှိပြီး အခက်အခဲ များကို ကျော်လွန်ကာ စီးပွားရေးနှင့် လူမှုရေး နယ်ပယ်များတွင် လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio