• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ BRICS နိုင်ငံများ နိုင်ငံခြားရေး ဝန်ကြီးတို့နှင့် တွေ့ဆုံ

(GMT+08:00) 2017-06-20 11:01:34

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၉ ရက်နေ့က ပီကင်းတွင် BRICS နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး Lavrov၊ တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီး Mashabane၊ ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီး Nunes နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးSinghတို့နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ BRICS နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြုကြောင်း၊ တရုတ်နိုင်ငံက BRICS နိုင်ငံများ သဘာပတိ နိုင်ငံတာဝန်ထမ်းဆောင်ရေးအပေါ် BRICS နိုင်ငံအသီးသီးတို့မှ အားပေးထောက်ခံခြင်းကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

BRICS နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးတို့က၊ တရုတ်နိုင်ငံအနေနှင့်၊  BRICS နိုင်ငံများ သဘာပတိနိုင်ငံ တာဝန်ထမ်းဆောင်ရာ၌၊ BRICS နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပြုလုပ်ခဲ့သည့် လုပ်ဆောင်မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့ကြသည်ဟု သတင်းအရသိရသည်။

 

   Webradio