• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများနိုင်ငံခြားရေးဝန်ကြီးတို့ ပီကင်းတွင် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-06-20 11:01:05

       BRICS နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁၉ ရက်နေ့က ပီကင်းတျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိသည်၊ ယင်းဆွေးနွေးပွဲကိုဦးစီးကျင်းပကြောင်း၊ တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးMashabane၊ ဘရာဇီး နိုင်ငံခြားရေးဝန်ကြီး Nunes၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးLavrovနှင့် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးSinghတို့သည်၊ ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြကြောင်း ဆင်ဟွာ သတင်းအရသိရသည်။

အဆိုပါ ၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတို့သည်၊ ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ၅ နိုင်ငံတို့ ၏ ပူးပေါင်းဆောင်ရွက်ရေးအောင်မြင်မှုနှင့် အတွေ့အကြုံများကို ပေါင်းရုံး သုံးသပ်ပြီး၊ BRICS နိုင်ငံများပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လက်ရှိနိုင်ငံတကာ အခြေအနေ နှင့် လူအများကအာရုံစိုက်ကြသော အရေးကြီးကိစ္စပြဿနာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ တိုင်ပင်ဆွေးနွေး ခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio