• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ-ဥရောပ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး အဆင့်မြင့် ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ချင်တော်မြို့၌ ကျင်းပ

(GMT+08:00) 2017-06-20 10:43:45

        ယခုလ ၁၉ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ဝမ်ယန်သည် တရုတ် ချင်တော်မြို့၌ ကျင်းပသော အာရှ-ဥရောပ ဒစ်ဂျစ်တယ် ဆက်သွယ်ရေး အဆင့်မြင့် ဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဝမ်ယန်က အာရှ-ဥရောပ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး အဆင့်မြင့် ဖိုရမ် ကျင်းပခြင်းသည် ယမန်နှစ် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော အရေးကြီးသော သဘောတူညီမှုတစ်ရပ်ပင်ဖြစ်ကြောင်း၊ ယင်းသည် အာရှ-ဥရောပဒေသ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှု စွမ်းရည် တိုးမြှင့်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။

   Webradio