• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ပင်လယ် ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်ကို တရုတ် ထုတ်ပြန်

(GMT+08:00) 2017-06-20 10:29:10

မကြာမီက တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် နိုင်ငံတော် ပင်လယ်ရေးရာ ဦးစီးဌာနတို့သည် Belt and Road ပင်လယ် ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအဆိုပြုချက်သည် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ အောင်ကျိုးရလဒ် တစ်ခုလည်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းအဆိုပြုချက်တွင်၊ တရုတ်အစိုးရသည် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊ သက်ညှာထောက်ထားပြီး တံခါးဖွင့်ရေး၊ အပြန်အလှန် ကိုးကား အပြန်အလှန် အတုယူရေး၊ အပြန်အလှန် အကျိုးရှိစေရေး အပါအဝင် ပိုးလမ်းမကြီးစိတ်ဓါတ်ကို စွဲကိုင်ပြီး ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး တလျှောက်မှ နိုင်ငံများနှင့် ကဏ္ဍစုံ၊ လုပ်ငန်းနယ်ပယ်စုံ ပင်လယ် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း တင်ပြထားပါသည်။
   Webradio