• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ကနေဒါဝန်ကြီးချုပ်နှင့်ဖုန်းဆက်

(GMT+08:00) 2017-06-20 10:07:32

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယခုလ ၁၉ ရက်နေ့ညက ဖိတ်ကြားချက်အရ ကနေဒါဝန်ကြီးချုပ် Trudeau နှင့်ဖုန်းဆက်ခဲ့ပြီး နှစ်ဘက် ဆက်ဆံရေးနှင့်အရေးထားကြသောနိုင်ငံတကာနှင့်ဒေသရေးရာများနှင့်ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

လီခေ့ချန်က တရုတ်-ကနေဒါဆက်ဆံရေးနှင့်နယ်ပယ်အသီးသီး၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများအဆက်မပြတ်ရရှိနေကြောင်းပြောကြားခဲ့သည်။

Trudeauက ကနေဒါ-တရုတ်ဆက်ဆံရေးတိုးတက်မှုသည် အားကောင်းပြီးနယ်ပယ် အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ်နက်ရှိုင်းလာ နေကြောင်း ပြောကြားခဲ့သည်။

   Webradio