• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးတွင် သဘောတူညီမှုများ ရရှိ

(GMT+08:00) 2017-06-20 10:06:53

တရုတ်နိုင်ငံက BRICS နိုင်ငံများအဖွဲ့ သဘာပတိနိုင်ငံ တာဝန် ထမ်းဆောင်သည့် ကာလ အတွင်း ဒုတိယအကြိမ်မြောက် BRICS နိုင်ငံများ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့က တရုတ်ပြည် ရှန်ဟိုင်း မြို့၌ ကျင်းပခဲ့သည်။ ဘက်အသီးသီးတို့က မက္ကရို စီးပွါးရေး မူဝါဒများဆိုင်ရာ ညှိနှိုင်းမှုကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ BRICS နိုင်ငံများနှင့် ကမ္ဘာ့စီးပွါးရေး တိုးတက်မှုကို တွန်းအား ပေးရမည် ဖြစ်ကြောင်း အလေးအနက် ဖေါ်ပြကြပါသည်။ အစည်းအဝေး တက်ရောက်သူများသည် ဂျီ-၂၀ နိုင်ငံများ ဘဏ္ဍာရေး နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာအောင် ဆောင်ရွက်မည်ဟု ကတိပြုကြပြီး ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ် စာတမ်းနှင့် ပတ်သက်ပြီးလည်း သဘောတူညီချက်ကို ရရှိခဲ့ကြပါသည်။

တရုတ်ဘဏ္ဍာရေး ဝန်ကြီးဌာနက၊ ယခုအကြိမ် ရှန်ဟိုင်း အစည်းအဝေးတွင် တိုးတက် အောင်မြင်မှုများကို ရရှိပြီး ယင်းသည် BRICS နိုင်ငံများ ရှာ့မင် ထိပ်သီး အစည်းအဝေး တွေ့ဆုံဆွေးနွေးပွဲတွက် ဘဏ္ဍာရေး အကျိုးရလဒ်ဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ပေးပြီ ဖြစ်ကြောင်း ယူဆပါသည်။

တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ် BRICS နိုင်ငံများအဖွဲ့ သဘာပတိနိုင်ငံ ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေးကို တရုတ် ဘဏ္ဍာရေး ဝန်ကြီး ရှောင်ကျယ်နှင့် တရုတ် ပြည်သူ့ဘဏ် ဒုဥက္ကဋ္ဌ ချင်ယူလုတို့ ပူးတွဲ ဦးစီး ကျင်းပခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio