• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-06-19 08:50:12

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၁၈ ရက်နေ့က ပီကင်း၌ BRICS နိုင်ငံများ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်နေသော အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဇင်းဂ်နှင့် တွေ့ဆုံခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဝမ်ယိက၊ မျက်မှောက်ကာလ၌ တရုတ်နှင့် အိန္ဒိယ ဆက်ဆံမှု မှန်မှန် တိုးတက် လာနေကြောင်း၊ တရုတ်နိုင်ငံသည် အိန္ဒိယနှင့် လက်တွဲပြီး နှစ်ဖက်အကြား နိုင်ငံရေး၊ စီးပွါးကုန်သွယ်ရေး၊ လူမှု ယဉ်ကျေးမှုနှင့် ကာကွယ်ရေး နယ်ပယ်များတွင် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုပါကြောင်း၊ တစ်ချိန်တည်းတွင် နှစ်ဖက်ဆက်ဆံမှုတွင် ချင့်ချင့်ချိန်ချိန် သဘောထားသင့်သော ကိစ္စရပ်များနှင့် သဘော ကွဲလွဲမှုများကို သင့်လျော်စွာ စီမံ ထိန်းချုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio