• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်ဝမ် ရေလက်ကြားနှစ်ဖက်ကမ်း လူငယ်များဖိုရမ် ကျင်းပ

(GMT+08:00) 2017-06-18 08:47:23
 ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်းဖိုရမ်၏ အရေးကြီး အစိတ်အပိုင်း အဖြစ် ၁၅ ကြိမ်မြောက် ရေလက်ကြား နှစ်ဖက်ကမ်း လူငယ်များဖိုရမ်ကို ယခုလ ၁၇ ရက်နေ့က တရုတ်ပြည် ရှာ့မင် တက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် အင်တာနက်နှင့် ရေလက်ကြားနှစ်ဖက်ကမ်း လူငယ်များ ယဉ်ကျေးမှု သဘောတူညီမှု ဖြစ်ကြောင်း၊ ရေလက်ကြားနှစ်ဖက်ကမ်းမှ ပညာရှင်၊ လူငယ်လုပ်ငန်းရှင်၊ အနုပညာရှင်၊ လုပ်ငန်း ထူထောင်သူနှင့် လူငယ် ကိုယ်စားလှယ်များသည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio