• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးများ အစည်းအဝေး ပူးတွဲ ကြေညာချက် ထုတ်ပြန်

(GMT+08:00) 2017-06-17 09:17:24

ယခုလ ၁၆ ရက်နေ့က တရုတ်ပြည် နန်ကင်းမြို့၌ ကျင်းပသော ၇ ကြိမ်မြောက် BRICS နိုင်ငံများ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးများ အစည်းအဝေးတွင်၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက လယ်ယာစိုက်ပျိုးရေး ဝန်ကြီးများသည် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ပြီး BRICS နိုင်ငံများ လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ ဦးတည်ချက်ကို ချမှတ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝန်ကြီး ငါးဦးတို့သည် BRICS နိုင်ငံများ စီးပွါးရေး မိတ်ဖက် မဟာဗျူဟာကို တဆင့်တိုး အကောင်အထည်ဖေါ်ဆောင်သွားမည်ဟု ကတိပြုကြပြီး နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်၍ ကိုယ်ကျိုးစီးပွါးကာကွယ်မှုကို ဆန့်ကျင်ရန် ကတိပြုကြကြောင်း သတင်းရရှိပါသည်။

   Webradio