• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် ယန်စီမြစ်နှင့် ဗိုဂါမြစ် တဝှမ်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ရောက်

(GMT+08:00) 2017-06-17 09:08:50

တရုတ် နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည် ယခုလ ၁၆ ရက်နေ့က တရုတ်ပြည် ဟိုဖေ မြို့၌ ရုရှားသမ္မတ၏ ကိုယ်စားလှယ် ပါဘီခ်ျနှင့် အတူ တရုတ် ယန်စီမြစ် မြစ်ညာဒေသနှင့် ရုရှား ဗိုဂါမြစ်ဝှမ်း ပြည်ထောင်စုဒေသများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ဒုတိယ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အစည်းအဝေးတွင် ယန်ကျယ်ချီနှင့် ပါဘီခ်ျတို့သည် ယန်စီမြစ်- ဗိုဂါမြစ် ဒေသများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ဝက်ဘဆိုက်ကို ဖွင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio