• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်မကြီး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွက် ဟောင်ကောင်၏ အကျိုးပြု စွမ်းဆောင်မှုနှင့် ပတ်သက်၍ တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ဝူရှူချင်း ပြောကြား

(GMT+08:00) 2017-06-16 15:46:43

    လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ခန့် အတွင်း ဟောင်ကောင်သည် ပြည်မကြီးတွင် ဆောင်ရွက်သော ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွက် ငွေရင်း၊ အရည်အသွေးပြည့်ဝ သည့်လူ့စွမ်းအား အရင်းအမြစ်များနှင့် ဗဟုသုတ စသည့် နယ်ပယ်များတွင် ကူညီပံ့ပိုးမှုများ ပေးကြောင်း၊ မစ္စက် ဝူရှူချင်းသည် ဟောင်ကောင်က နာမည်ကျော်ကြားသည့် လုပ်ငန်းရှင် တစ်ဦး ဖြစ်ကြောင်း၊ ပြည်မကြီး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု စတင် ပြုလုပ်ခဲ့ရာတွင် ၄င်း၏ မိသားစု ကုမ္ပဏီသည် ပြည်မကြီး၏ အမှတ် ၀၀၁ ဖက်စပ်လုပ်ငန်းကုမ္ပဏီ တည်ထောင်ရန် ခွင့်ပြုလက်မှတ် ရရှိခဲ့ကြောင်း၊ မကြာခင်က မစ္စက် ဝူရှူချင်းက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာ အမိနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွက် ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ အကျိုးပြု စွမ်းဆောင်မှုများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

    ဝူရှူချင်းသည် ဟောင်ကောင်ဒေသမှ တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ဖြစ်ပြီး ယခုနှစ် အသက် ၇၀အရွယ် ရှိသည်။ ဝူရှူချင်းက ၁၉၇၈ခုနှစ်က တရုတ်ပြည်မကြီး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု မူဝါဒ စတင် ကျင့်သုံးခဲ့ သည့်အချိန်က မိမိသည် အဖေနှင့် အတူ ဟောင်ကောင်မှ ပီကင်းသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားသည်။

    ၁၉၇၉ခုနှစ် တရုတ်နှင့် အမေရိကန် သံတမန် ဆက်ဆံမှု ထားရှိခဲ့ပြီး တရုတ်- အမေရိကန် လေယာဉ်လိုင်းကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် လေကြောင်း စားသောက်မှု ရေးရာနှင့် ပတ်သက်သော သီးသန့်ကုမ္ပဏီ တစ်ခု တည်ထောင်ရန် မျှော်လင့်ကြောင်း၊ ဝူရှူချင်းနှင့် ၄င်း၏ အဖေတို့သည် "တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး ကော်မရှင်၏ နိုင်ငံခြား ရင်းနှီးမှု ဆိုင်ရာ (၁၉၈၀) အမှတ် ၁" ခွင့်ပြုလက်မှတ်ကို ရရှိပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ပထမဆုံး တရုတ်-နိုင်ငံခြား ဖက်စပ် လုပ်ငန်းကုမ္ပဏီ ဖြစ်သည့် ပီကင်း လေကြောင်း စားသောက်မှု ရေးရာ ကုမ္ပဏီ လိမိတက်ကို တည်ထောင်ခဲ့ကြောင်း၊ အဲဒိနောက်ပိုင်းတွင် ဟောင်ကောင်မှ ရင်းနှီးမှု၊ အရည်အသွေး ပြည့်ဝသည့်လူ့စွမ်းအား အရင်းအမြစ်များ၊ အထူးသဖြင့် ခေတ်မီသော စီမံခန့်ခွဲရေး စနစ်သည် ပြည်မကြီးသို့ အဆက်မပြတ် ဝင်ရောက်လာကြောင်း သိရသည်။

 

   Webradio