• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဒန် တိုက်တာနေအိမ် အဆောက်အအုံ မီးလောင်မှု သေဆုံးသူ ၁၇ဦး အထိ တိုးလာ

(GMT+08:00) 2017-06-16 15:45:21

လန်ဒန် ဒေသ စံတော်ချိန် ယခုလ ၁၄ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် ဗြိတိန် နိုင်ငံ လန်ဒန် အနောက်ပိုင်းရှိ တိုက်တာနေအိမ် အဆောက်အအုံ ဖြစ်သည့် Grenfell Towerတွင် မီးလောင်မှု ရုတ်တရက် ဖြစ်ပွားခဲ့ကြောင်း၊ ၁၅ရက်နေ့ ညနေပိုင်းအထိ မီးလောင်မှုကြောင့် သေဆုံးသူ ဦးရေမှာ ၁၇ဦး အထိ တိုးလာပြီး ဒဏ်ရာရရှိသူ ၁၇ဦး ဒဏ်ရာ ပြင်းထန်၍ အသည်းအသန် ဖြစ်နေဆဲ ရှိနေသေးကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်လာသည်နှင့် အမျှ သေဆုံးသူ ဦးရေ ဆက်လက် တိုးပွားလာနိုင် ဖွယ်ရာရှိကြောင်း၊ ဝန်ကြီးချုပ် Theresa Mayက ယခုအကြိမ် မီးလောင်မှုကို ဘက်စုံ ပွင့်လင်းသော စစ်ဆေးမှုကို ပြုလုပ်မည်ဟု ကြေညာကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နာရီ ၃၀ကျော် မီးငြှိမ်းသတ်မှု ဆောင်ရွက်ခဲ့ပြီး ၁၅ရက်နေ့ ညနေပိုင်းက မီးရှိန်ကို ထိန်းချုပ်ခဲ့ပြီ ဖြစ်ကြောင်း၊ လန်ဒန် မီးသတ်အဖွဲ့ တာဝန်ခံ Danny Cottonက မီးသတ်သုံး လှေကားရှည်နှင့် ဖိအားပြင်းသည့် ရေသေနတ်မှ ပစ်ခတ်သော ရေသည် ၁၀ထပ် အထက်သို့ မရောက်နိုင်သောကြောင့် မီးသတ်မှုနှင့် ကယ်ဆယ်ရေး အတွက် အခက်အခဲ များဖြစ်လာကြောင်း၊ လက်ရှိအချိန်တွင် မီးသတ်သမားများသည် အဆောက်အအုံ အတွင်း သေဆုံးသူများကို ရှာဖွေလျက်ရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို ၃-၄ပတ်ကြာ ဆောင်ရွက်နိုင်ဖွယ်ရာရှိကြောင်း ပြောကြားသည်။

Grenfell Towerကို ၁၉၇၄ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အစိုးရမှ တန်ဖိုးနည်း အိမ်ရာ ဖြစ်ကြောင်း၊ အဆောက်အအုံတွင် တိုက်တာနေအိမ် ၁၂၀ရှိပြီး အိမ်ထောင်စု ၄၀၀-၆၀၀ နေထိုင်ကြကြောင်း၊ ယမန်နှစ်က သက်ဆိုင်ရာသည် ဗြိတိန် ပေါင်ငွေ ဆယ်သန်းဖြင့် ၄င်းအဆောက်အအုံကို ပြန်လည် မွမ်းမံပြင်ဆင် ဆောက်လုပ်ခဲ့သော်လည်း အဆောက်အအုံ အတွင်းရှိ မီးသတ်စနစ် ပြဿနာကို မဖြေရှင်းနိုင်သေးကြောင်း သိရသည်။

   Webradio