• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြမ်းဖက်မှုတိုက်ဖျက်ရေးရုံး ကုလတည်ထောင်မည်

(GMT+08:00) 2017-06-16 15:12:44

     ကုလသမဂ္ဂအထွေထွေညီလာခံသည်၊ ယခုလ ၁၅ ရက်နေ့က အဆိုပြုတင်သွင်းချက် တစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ရာ၊ ကုလသမဂ္ဂအကြမ်းဖက်မှုတိုက်ဖျက်ရေး စနစ်ကို ပြန်လည် ဖွဲ့စည်းတည်ထောင်ပြီး၊ ကုလသမဂ္ဂအကြမ်းဖက်မှုတိုက်ဖျက်ရေးရုံးကို တည် ထောင်ရန် ဆုံးဖြတ် ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

၇၁ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌ သွန်မဆိန်က၊ ယင်းသည်၊ ဂူတယ်ရက်စ် တ်ာဝန်ထမ်းဆောင်ခဲ့သည့်နောက်ပိုင်းတွင် ပထမအကြိမ် အရေးကြီးဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲ ခြင်းဖြစ်ကြောင်း၊ ယင်းအဆိုပြုတင်သွင်းချက် အတည်ပြုပြဋ္ဌာန်နိုင်ခဲ့ခြင်း သည်၊ ကုလသမဂ္ဂ အနေနှင့်၊ "ကုလသမဂ္ဂ တစ်ကမ္ဘာလုံး အကြမ်းဖက်မှုတိုက်ဖျက်ရေး မဟာဗျူဟာ"ကို အဖွဲ့ဝင်နိုင်ငံများလက်တွေ့ကျင့်သုံးရေးအတွက် ကုလသမဂ္ဂ၏ အကူအညီ ပေးနိုင်စွမ်းကို မြှင့်တင်မည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။

   Webradio