• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆိုမာလီတိုက်ခိုက်မှုအပေါ် ဂူတယ်ရက်စ်ပြစ်တင်ရှုတ်ချ

(GMT+08:00) 2017-06-16 15:11:44

      ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတယ်ရက်စ်သည်၊ ယခုလ ၁၅ ရက်နေ့က ၄င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ၊ ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော် ၌ ဖြစ်ပွားခဲ့သည့် အရပ်သူအရပ်သားများကို ရည်စူးသော တိုခိုက်မှုအပေါ် ပြစ်တင် ရှုတ်ချခဲ့ကြောင်း စီအာအိုင်သတင်းအရသိရသည်။

ယင်းကြေညာချက်တွင်၊ ဂူတယ်ရက်စ်က၊ သေဆုံသူများ၏ ကျန်ရစ်သည့်မိသားစု များအား နှစ်သိမ့်အားပေးကြောင်း၊ ဆိုမာလီလုံခြုံရေးတပ်မတော်၏ တုံ့ပြန် လုပ်ဆောင် ချက်များအပေါ် ချီးကျူးကြောင်းဖော်ပြသည့်အပြင်၊ ကုလသမဂ္ဂအနေနှင့်၊ ဆိုမာလီအစိုးရ နှင့် ပြည်သူများအား ဆက်လက် အားပေးထောက်ခံမည်ဖြစ်ပြီး၊ ဆိုမာလီအေးချမ်း တည်ငြိမ်ရေးအတွက် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းဖော်ပြခဲ့သည်ဟု သတင်း အရသိရသည်။

 

   Webradio