• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်၏ ရုရှားအား အရေးယူမှုသည် နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို ထိခိုက်တတ်သော လုပ်ရပ်ဖြစ်ဟု ပူတင်ဆို

(GMT+08:00) 2017-06-16 10:41:16

        ရုရှားသမ္မတပူတင်က ရုရှားနှင့် အမေရိကန်နှစ်ဖက်တို့သည် နှစ်ဖက်ဆက်ဆံမှု ပုံမှန်ပြန်ဖြစ်လာရန် မျှော်လင့်ကြကြောင်း၊ နှစ်နိုင်ငံတို့သည် အပြန်အလှန် လှောင်ပြောင်ထေ့ငေါ့မှုများ မပြုဘဲ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်သင့်ဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုနေ့က ထုတ်လွှင့်သော "ပူတင်နှင့် တိုက်ရိုက်စကားပြောခြင်း" တီဗွီအစီအစဉ်တွင် ပူတင်က ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံအား ရန်သူအဖြစ် သဘောထားခြင်း မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံ ဆောင်ရွက်ခဲ့သော ရုရှားနိုင်ငံအား အရေးယူမှုသည် နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို ထိခိုက်စေတတ်သော လုပ်ရပ်ပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ စာရင်းအရ အမေရိကန်နိုင်ငံ၏ ရုရှားနိုင်ငံအား အရေးယူမှုတွင် ရုရားနိုင်ငံသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀မှ ၅၂ ဘီလီယံအထိ ဆုံးရှုံးခဲ့ပြီဖြစ်သည့်အပြင် အမေရိကန်နိုင်ငံကမူ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ဆုံးရှုံးခဲ့ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။

   Webradio