• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"လူသား ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးနှင့် လူ့အခွင့်အရေး" နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ တရုတ် ကျင်းပ

(GMT+08:00) 2017-06-15 17:27:10

ယခုလ ၁၄ရက်နေ့က ၃၅ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပစဉ်အတွင်း တရုတ် လူ့အခွင့်အရေး လေ့လာရေး အသင်းနှင့် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တို့သည် ဂျီနီဗာရှိPalace of Nationsတွင် "လူသား ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးနှင့် လူ့အခွင့်အရေး" နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို အတူ ကျင်းပခဲ့ကြောင်း၊ နိုင်ငံ ၂၀ကျော်မှ အစိုးရ ကိုယ်စားလှယ်၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ ပြည်တွင်း ပြည်ပ လူ့အခွင့်အရေး ပညာရှင်၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှင့် မီဒီယာများမှ သတင်းထောက်များ အပါအဝင် ၁၀၀ခန့်သည် တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကုလသမဂ္ဂ ဂျီနီဗာ ရုံးဌာနချုပ်တွင် မိန့်ခွန်းပြောကြားရာ၌ "လူသား ကံကြမ္မာအသိုက်အဝန်း တည်ဆောက် ရေး"ကို အဆိုပြု တင်ပြပြီး ယင်းအဆိုပြုချက်နှင့် ပတ်သက်၍ နက်ရှိုင်းစွာ ရှင်းလင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ဂျီနီဗာရုံးနှင့် ဆွစ်ဇာလန် နိုင်ငံရှိ အခြား နိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်၊ သံအမတ်ကြီး မာချောင်ရွှီက ၄င်းနှီးနှော ဖလှယ်ပွဲတွင် မိန့်ခွန်းပြောကြားရာ၌ လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး သည် ကမ္ဘာ့ လူ့အခွင့်အရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရန် အတွက် အရေးကြီးသည့် အနက်အဓိပ္ပါယ် ရှိကြောင်း ပြောကြားသည်။

၎င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်သူများက "လူသား ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေး" ခံယူချက်သည် ငြိမ်းချမ်းရေး အခွင့်အရေး၊ ဖွံ့ဖြိုးရေး အခွင့်အရေးနှင့် ပတ်ဝန်းကျင် အခွင့်အရေး အပါအဝင် လူသားတစ်ရပ်လုံး၏ စုပေါင်းလူ့အခွင့်အရေးကို အလေးထားပြီး ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေး အကောင်အထည်ဖော်ရန် အတွက် နည်းလမ်းသစ် ဖန်တီးပေးကြောင်း ယူဆကြသည်ဟု သိရသည်။
   Webradio