• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တံတား တည်ဆောက်ရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်

(GMT+08:00) 2017-06-15 15:35:00

တရုတ်ပြည် ဟောင်ကောင်၊ မကာအိုနှင့် ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့ကို ဆက်စပ်ပေးမည့် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးသည် ယခုနှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ၄င်းတံတားကြီးသည် စုစုပေါင်း ကီလိုမီတာ ၅၀ကျော် ရှည်လျားပြီး ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ပင်လယ်ဖြတ်ကျော် တံတားကြီး ဖြစ်မည် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် တရုတ်ပြည်၏ တံတား တည်ဆောက်ရေးသည် အရှိန်အ ဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး မီတာ ၁ထောင်ကျော် ရှည်လျားသည့် တံတား ၂၀ကျော် ရှိကာ နှစ်စဉ် အသစ်တည်ဆောက်သည့် တံတားပမာဏမှာ ၁သောင်းခန့် ရှိကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

 

   Webradio