• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-06-15 14:41:35

တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်သည် ဇွန်လ ၁၄ရက်နေ့က ပီကင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး၌ နိုင်ငံတကာ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ အင်ဖန်တီနိုနှင့် လက်ခံတွေ့ဆုံခဲ့ ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

လက်ခံတွေ့ဆုံပွဲတွင် တရုတ်အစိုးရသည် ဘောလုံးအားကစားလှုပ်ရှားမှု ဖွံ့ဖြိုး တိုးတက်ရန် အလေးအနက် အလေးထား၍ အားကောင်းစွာဖြင့် ဆက်တိုက် ထောက်ခံအားပေးနေကြောင်း၊ ရှီကျင့်ဖိန်က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ဘောလုံးအားကစားလှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်ခြင်းသည် ကမ္ဘာ့ဘောလုံး အားကစားလှုပ်ရှားမှုအတွက် အရေးကြီးသည့်အနက်အဓိပ္ပါယ်ရှိသည်ဟု အင်ဖန်တီနိုက ပြောကြားခဲ့ပါသည်။

   Webradio