• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် နိုင်ငံဖြတ်ကျော် ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးဇုန် တည်ဆောက်ရန် ယူနန် စီစဉ်ထား

(GMT+08:00) 2017-06-14 14:41:43

တရုတ်ပြည် ယူနန်ပြည်နယ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ယွီဖန်က ယူနန်ပြည်နယ်သည် နိုင်ငံဖြတ်ကျော် ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေး အတွက် တရုတ်-ဗီယက်နမ်၊ တရုတ်-လာအိုနှင့် တရုတ်-မြန်မာ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးဇုန် တည်ဆောက်ရေး စီမံကိန်းကို ပဏာမအားဖြင့် ရေးဆွဲချမှတ်ခဲ့ကြောင်း ယခုလ ၁၃ရက်နေ့က ပြောကြားသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ယွီဖန်သည် ၂၀၁၇ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲ၏ "နိုင်ငံဖြတ်ကျော် ခရီးသွား ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်"တွင် ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

ယွီဖန်က ၄င်းစီမံကိန်းတွင် ပြည်ဝင်ပြည်ထွက် အစီအစဉ် လွယ်ကူစေရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ အများပြည်သူ ဝန်ဆောင်မှု စနစ် တည်ဆောက်ရေး၊ နိုင်ငံဖြတ်ကျော် ကိုယ်ပိုင်ကားမောင်းပြီး ခရီးလှည့်လည်ခြင်း အစီအစဉ် ဖော်ထုတ်ရေး၊ ခရီးသွား လုံခြုံမှု စီမံခန့်ခွဲရေး စသည့် နယ်ပယ်များတွင် အနီးပတ်ဝန်းကျင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြသည်။

၎င်းစီမံကိန်းတွင် တရုတ်-မြန်မာ နိုင်ငံဖြတ်ကျော် ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး  ဇုန် တည်ဆောက်ရေးတွင် ယူနန်ပြည် အနောက်ပိုင်း- မြန်မာ မြောက်ပိုင်း ခရီးသွား အသိုက်အဝိုင်းကို တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

တရုတ် အမျိုးသား ခရီးသွား လုပ်ငန်း ဌာန ဒုဝန်ကြီးဟောင်း ရှောက်ချီဝေက နိုင်ငံဖြတ်ကျော် ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်နှင့် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံများ အကြား နိုင်ငံတကာ ခရီးသွား ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲတိုးချဲ့ရန် အတွက် ပလက်ဖောင်းသစ် တစ်ခု ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားသည်။

   Webradio