• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကာတာအား နိုင်ငံများစွာ အရေးယူခြင်း တူရကီသမ္မတဝေဖန်

(GMT+08:00) 2017-06-14 14:21:33

     တူရကီနိုင်ငံသမ္မတ အယ်လ်ဒိုအန်က၊ နိုင်ငံများစွာတို့မှ ကာတာနိုင်ငံအား ပူးတွဲ အရေးယူခြင်းအပေါ် ဝေဖန်ပြီး၊ ဆော်ဒီအရေဗျနိုင်ငံအနေနှင့်၊ ရှေ့ဆောင်ဦးစီး၍ ကာတာ နိုင်ငံနှင့် ကျေအေးရန်  ယခုလ ၁၃ ရက်နေ့က အန်ကာရာမြို့တော်၌ ပန်ကြားခဲ့ကြောင်း စီအာအိုင်သတင်းအရသိရသည်။

ကာတာနိုင်ငံမှ အကြမ်းဖက်မှုအား ထောက်ပံ့ပေးခဲ့ခြင်းအပေါ် သက်ဆိုင်ရာနိုင်ငံများ မှ ပြစ်တင်ရှုတ်ချမှုများကို အယ်လ်ဒိုအန်က ငြင်းဆိုကြောင်းပြောကြားသည့်အပြင်၊ အိုင်အက်စ်အဖွဲ့အား တိုက်ဖျက်ရေးတွင် ကာတာနိုင်ငံသည်၊ ပြတ်သားသော သန္နိဋ္ဌာန်ရှိပြီး၊ တူရကီနှင့် လက်တွဲကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio