• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပနားမားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒချမှတ်ရေး လွတ်လပ်ခွင့်ကို ပနားမား-တရုတ်သံတမန် ဆက်ဆံမှု ထားရှိခြင်း ပြဆိုဟု ပနားမားပညာရှင် ယူဆ

(GMT+08:00) 2017-06-14 13:59:54

ပနားမား နှင့် တရုတ် နှစ်နိုင်ငံ သံတမန် အဆက်အသွယ်ထားရှိခြင်းသည် သမိုင်းဝင်အနက်အဓိပ္ပါယ်ရှိသည့်အပြင် ပနားမားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒချမှတ်ရေး လွတ်လပ်ခွင့်ကို ပြဆိုသည်ဟု ပနားမားတက္ကသိုလ်ပါမောက္ခ၊ နိုင်ငံတကာဥပဒေပညာရှင် Julio Churက ဇွန်လ ၁၃ရက်နေ့က ပြောကြားခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်နိုင်ငံ သံတမန် အဆက်အသွယ်ထားရှိခြင်းသည် နှစ်နိုင်ငံ အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေး အတွက် အခွင့်ကောင်းများကို ဖန်တီးပေးပြီး ပနားမား ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဝင်ငွေတိုးပွားမှု နှင့် သိပ္ပံနည်းပညာတိုးတက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ Julio Churက ပြောကြားပါသည်။

   Webradio